WiFi Signal Strength ကို ကောင်းမွန်လာစေဖို့ Router ကို ဘယ်လိုနေရာချထားမလဲ ?
Wi-Fi တွေလွှမ်းမိုးလာတဲ့ခေတ်မှာ အင်တာနက်ကောင်းကောင်း အသုံးပြုနိုင်ဖို့အတွက် Wi-Fi Signal ကို သေချာဂရုစိုက်ဖို့ လိုပါတယ်။
Wi-Fi signal ကောင်းကောင်းရဖို့ဆိုရင် Router နေရာအထားအသို ၊ မိမိရွေးချယ်ထားတဲ့Channel နဲ့ HardwareDevice တွေပေါ်မှာ မူတည်ပါတယ်။
ဒါကြောင့် Wi-Fi Router ကို ဘယ်လိုတပ်ဆင်မလဲ?
ဘယ်လိုနေရာမျိုးမှာ ချထားသင့်လဲ? ဆိုတာကို အသေးစိတ် ပြောပြပေးသွားချင်ပါတယ်။
ပထမဆုံးအနေနဲ့ ရုံးတွေအိမ်တွေမှာ
Wi-Fi လိုင်းဆွဲအားကောင်းချင်တယ်ဆိုရင်တော့ အလယ်ဗဟိုတည့်တည့်မှာ ချထားဖို့လိုအပ်ပါတယ်။
နောက်ပြီးတော့ Wi-Fi လိုင်းဆွဲအားကို အနှောက်အယှက်ဖြစ်စေနိုင်မယ့် ကြမ်းပြင်ပေါ်မှာလည်း ချမထားသင့်ပါဘူး။
ဒါ့အပြင် ပရိဘောဂကြီးတွေ နဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေနားမှာ ကပ်လျက်ထားခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။
နောက်တစ်ခုကတော့ Channel ရွေးချယ်မှုအပိုင်းပါ
Wi-Fi Network တွေဟာ မတူညီတဲ့ Channel အသီးသီးပေါ်တွေမှာ လည်ပတ်နေတာဖြစ်ပါတယ်။
ကိုယ့်ပတ်ဝန်းကျင်အနီးအနားမှာရှိတဲ့ အခြားသော Network တွေကြောင့်လည်း ကိုယ့် Wi-Fi စွမ်းဆောင်ရည်ကို အနှောင့်ယှက်ဖြစ်စေနိုင်ပါတယ်။
နောက်ပီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ လူသုံးအများဆုံးဖြစ်တဲ့ Channel တွေကိုလည််း ရှောင်ရှားသင့်ပါတယ်။
လူသုံးအများဆုံး Channel တွေကို သိနိုင်ဖို့အတွက် Wi-Fi Analyzer လိုမျိုး စက်ပစ္စည်းကိရိယာတွေကို အသုံးပြုနိုင်ပါတယ်။
လူသုံးအနည်းဆုံးချန်နယ်တွေကို ရရှိနိုင်ဖို့ဆိုရင်တော့ ကျနော်တို့ရဲ့ Wi-Fi Router ကို Set-up လုပ်ထားသင့်ပါတယ်။
Channel ကိုရွေးချယ်တဲ့အခါမှာလည်း 2.4GHz နဲ့ 5GHz ကြားကိုပဲ ရွေးချယ်သင့်ပါတယ်။
အကွာအဝေးလိုအပ်ချက်အတွက် 2.4 GHz ကို အသုံးပြုသင့်ပြီးတော့ ပိုမြန်တဲ့အင်တာနက်speed နဲ့ အနှောင့်အယှက်ကင်းကင်းအသုံးပြုနိုင်ဖို့ဆိုရင်တော့ 5GHz ကို အသုံးပြုသင့်ပါတယ်။
နောက်ထပ် အရေးကြီးဆုံးအချက်ကတော့
ကိုယ့်ရဲ့ Wi-Fi Network ကို ကိုယ့်ရဲ့ခွင့်ပြုချက်မရှိပဲနဲ့ တခြားသူတွေဝင်ရောက်အသုံးပြုနေခြင်းကနေ ကာကွယ်ဖို့ပါ
ကျွန်တော်တို့ရဲ့ Wi-Fi Network ကို လုံခြုံစေဖို့ဆိုရင်တောါ WPA3 သို့မဟုတ် WPA2လို့ ခေါ်တဲ့ security protocol ကို ဖွင့်ထားဖို့လိုပါမယ်။ သတိမမေ့ဖို့လိုတဲ့အချက်ကတော့ ကိုယ့်ရဲ့ Wi-Fi Network လုံခြုံရေးအတွက် Wi-Fi Password ကိုလည်း ပုံမှန် update လုပ်ပေးဖို့လိုအပ်ပါတယ်။
နောက်ထပ်တခုကတော့ Firmware update လုပ်ဖို့ပါ။
ကိုယ့် Router ရဲ့ firmware ကို ပုံမှန် update လုပ်ခြင်းကလည်း Wi-Fi ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ကျွန်တော်တို့အသုံးပြုနေတဲ့ Router ကို အဆင့်မြှင့်ဖို့ မေ့နေလို့မရပါဘူး။ Update မဖြစ်တော့တဲ့ Hardware တွေဟာဆိုရင် Wi-Fi Network ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အများကြီးလျော့ကျစေပါတယ်။
Wi-Fi ရဲ့စွမ်းဆောင်ရည်နဲ့ လုံခြုံရေးပိုင်းကို တိုးတက်ကောင်းမွန်စေဖို့အတွက် နောက်ဆုံးပေါ်ဆော့ဖ်ဝဲတိုင်းကို Update လုပ်ထားဖို့ အရေးကြီးပါတယ်။
နောက်ထပ်တချက်ကတော့ ဝန်ဆောင်မှုအရည်အသွေးဖြစ်တဲ (QoS)ပါ
ကျွန်တော်တို့ရဲ့ Wi-Fiကို လိုင်းဆွဲအားကောင်းစေဖို့အတွက် QoS Setting ကလည်း အရေးကြီးပါတယ်။
Online ဗီဒီယိုတွေကြည့်မယ်၊ Online Game တွေကစားမယ် စတဲ့ Online App တွေကို လျင်မြန်ချောမွေ့စွာအသုံးပြုနိုင်ဖို့အတွက် QoS Setting ကို ဖွင့်ထားပေးဖို့လိုအပ်ပါတယ်။
ကိုယ့်ရဲ့တည်နေရာ အရွယ်အစားနဲ့ အပြင်အဆင်ပေါ်မူတည်ပြီးတော့ ဆက်တင်တွေကိုစိတ်ကြိုက်ပြင်ဆင်လို့လည်း ရပါတယ်။
နောက်ထပ်တချက်ကတော့ Multi user -MIMO လိုမျိုး အင်္ဂါရပ်တွေပါဝင်တဲ့ router ကိုပဲ ဦးစားပေးပီးရွေးချယ်ပါ။
အဲ့ဒါကိုမှ Wi-Fi ဇုန်ပိုကျယ်တဲ့နေရာတွေအတွက်ဆိုရင်တော့ Mesh Wi-Fi စနစ်ကို အသုံးပြုသင့်ပါတယ်။
နောက်ပီးတော့ ကိုယ့်ရဲ့ router မှာ ပြင်ပအင်တင်နာတွေ ပါရှိတယ်ဆိုရင်လည်း signal အားကောင်းစေဖို့အတွက် Antenna ကို သေချာချိန်ညှိဖို့ လိုအပ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့
Wi-Fi router ကို အကောင်းဆုံးနေရာမှာအရင်ချထားဖို့လိုအပ်ပါတယ်။
ပီးရင်တော့ လူသုံးနည်းတဲ့ Channel ဒါမှမဟုတ် အနှောင့်အယှက်ကင်းတဲ့ Channel တခုကို ရွေးချယ်ပါ။
ပီးသွားရင်တော့ ကိုယ့်ရဲ့ Wi-Fi ကို သူများတွေကျူးကျော်အသုံးပြုလို့မရအောင် လုံခြုံရေးအစီအစဉ်တွေကို ထည့်သွင်းပါ။
ဒီအချက်တွေကို ဂရုစိုက်ပီးလုပ်ဆောင်သွားမယ်ဆိုရင်တော့ စိတ်ချမ်းမြေ့စွာနဲ့ ပိုမိုကောင်းမွန်တဲ့အင်တာနက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။