Wi-Fi Standard ဆိုတာ ဘာလဲ?
Wi-Fi standard ဆိုတာကတော့
အင်တာနက်စက်ပစ္စည်းတွေရဲ့ မြန်နှုန်း၊ ယုံကြည်စိတ်ချရမှုနဲ့ စွမ်းဆောင်ရည်တွေကို ဆုံးဖြတ်ရာမှာ အရေးကြီးတဲ့အရာကို ဆိုလိုခြင်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက Wi-Fi အမျိုးအစားပေါင်းများစွာကို မိတ်ဆက်ခဲ့ပြီးပါပြီ။
Wi-Fi တစ်ခုချင်းစီတိုင်းကလည်း သူ့ အားသာချက်နဲ့ အားနည်းချက်ဆိုပီးတော့ ကိုယ်စီရှိကြပါတယ်။
ဒီနေ့မှာတော့ WiFi တစ်ခုအသုံးပြုမယ်ဆိုရင် သိထားသင့်တဲ့ Wi-Fi Standard ရဲ့ အကြောင်းလေးကို ရှင်းပြချင်ပါတယ်။
Wi-Fi Standard မှာဆိုရင်တော့ Wi-Fi 4 (802.11n) ၊ Wi-Fi 5 (802.11ac) နှင့် Wi-Fi 6 (802.11ax) ဆိုပြီးတော့ (၃) မျိုးတိတိကွဲပြားသွားပါတယ်။
Wi-Fi 4 (802.11n)
ပထမဆုံးအနေနဲ့ Wi-Fi 4 (802.11n) ရဲ့အကြောင်းကို ရှင်းပြချင်ပါတယ်။
802.11n လို့သိကြတဲ့ Wi-Fi 4 ဟာဆိုရင်တော့ 2009 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
ဒီ Wi-Fi 4 ဟာဆိုရင် Wi-Fi နည်းပညာနယ်ပယ်မှာ အရေးပါတဲ့မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။
Wi-Fi 4 ဟာ MIMO လို့ခေါ်တဲ့ Multiple Input Multiple Output နည်းပညာကို အသုံးပြုထားပါတယ်။
ဒါပေမယ့် Wi-Fi 4 က 2.4 GHz နဲ့ 5 GHz frequency အတွင်းမှာပဲရရှိနိုင်ပါတယ်။
အမြင့်ဆုံးဒေတာနှုန်းကတော့ 600 Mbps ပဲရှိတယ်ဆိုပေမယ့် ဒေတာလမ်းကြောင်းပေါင်းများစွာကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဥပမာ Download ဆွဲနေရင်းနဲ့ ဖေ့စ်ဘုတ်ပါ သုံးလို့ ရတာမျိုးပါ။
Wi-Fi 5 (802.11ac)
ဒုတိယအနေနဲ့ကတော့ Wi-Fi 5 (802.11ac) ပဲ ဖြစ်ပါတယ်။
Wi-Fi 5 ကို 2014 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
WiFi 5 ကတော့ ခုနပြောခဲ့တဲ့ WiFi 4 ထက် လိုင်းဆွဲအားလည်းပိုကောင်းသွားသလို ဒေတာ speed လည်း ပိုပြီးတော့ မြန်လာပါတယ်။
သူရဲ့ frequency က 5 GHz အတွင်းမှာပဲ ပြေးနေပီးတော့ ဒေတာspeed ကလည်း 3.5 Gbps လောက်အထိကို ပိုမြန်သွားပါတယ်။
သူက WiFi 4 ထက် ဘာပိုသွားသလဲဆိုတော့ Multi - User ဆိုတာလေးပိုသွားပါတယ်။
Multi-User Multiple Input နဲ့ Multiple Output လို့ ခေါ်ပါတယ်။
Multi- User ဆိုတဲ့အတိုင်းပဲ စက်ပစ္စည်းပေါင်းများစွာကို တစ်ပြိုင်နက်တည်း ချိတ်ဆက်နိုင်ပါပီ
ဒါကြောင့် ကွန်ပျူတာတွေရော ဖုန်းတွေရော Laptop တွေရောကို အားမနာလျှာမကျိုးစွာနဲ့ပဲ တပြိုင်နက်တည်းသုံးပစ်လို့ရပါတယ်။
နောက်ပီးတော့ အသုံးပြုနိုင်မယ့် user အရေအတွက်ကလည်း ပိုပီးတော့ များသွားပါတယ်။
Wi-Fi 6 (802.11ax)
နောက်ဆုံးတခုကတော့ Wi-Fi 6 (802.11ax) ပါ။
Wi-Fi နည်းပညာတွေထဲကမှ နောက်ဆုံးပေါ်ဖြစ်တဲ့ Wi-Fi 6 ကတော့ 2019 ခုနှစ်မှာ စတင်ထွက်ရှိလာခဲ့ပါတယ်။
ဒီ Wi-Fi 6 မှာတော့ user တွေ အဆင်မပြေတဲ့ error ပေါင်းများစွာကို အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပါပြီ။
Wi-Fi 6 ကတော့ 2.4 GHz နှင့် 5 GHz frequency နှစ်ခုလုံးကို လုပ်ဆောင်နိုင်ပြီးတော့ ဒေတာမြန်နှုန်းကလည်း 9.6 Gbps လောက်အထိကို တိုးတက်သွားခဲ့ပါတယ်။
OFDMA လို့ခေါ်တဲ့ Orthogonal Frequency Division Multiple Access နည်းပညာကို Muti- User MIMO နဲ့ တွဲပြီး အသုံးပြုထားပါတယ်။
Wi-Fi 6 မှာတော့ Wi-Fi 5 ထက်ပိုပြီး စက်ပစ္စည်းပေါင်းများစွာကို တစ်ပြိုင်တည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အတိုချုံးအနေနဲ့ ပြန်ပြောရမယ်ဆိုရင်တော့
Wi-Fi 4 ကနေ Wi-Fi 6 အထိ တိုးတက်ပြောင်းလဲလာမှုက အသုံးပြုသူတွေအတွက် ပိုပီး အဆင်ပြေစေဖို့ပဲဖြစ်ပါတယ်
Wi-Fi 4 မရှိပဲ Wi-Fi 5 ဖြစ်မလာနိုင်သလို
Wi-Fi 5 မရှိရင်လည်း Wi-Fi 6 ဆိုတာ ရှိမလာနိုင်ပါဘူး။
Wi-Fi 4 က Wi-Fi နည်းပညာနယ်ပယ်ရဲ့ အဓိက ကျတဲ့ ခြေလှမ်းဖြစ်ခဲ့သလို Wi-Fi 5 မှာဆိုရင်လည်း လူများများအသုံးပြုလို့ရအောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။
Wi-Fi 6 မှာတော့ အဆင့်မြင့်နည်းပညာဖြစ်တဲ့ OFDMA နှင့် Multi-User MIMO တို့ကို ပေါင်းစပ်ပြီးတော့ Device ပေါင်းများစွာကို ချိတ်ဆက်အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
Smart Device တွေ 5G တွေ ထွန်းကားလာတာနဲ့အမျှ Wi-Fi တွေရဲ့စံနှုန်းကလည်း ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။