အိမ်တစ်အိမ်မှာ ဘယ်လိုအင်တာနက်မျိုးတပ်ဆင်သင့်လဲ?
Website တွေကိုပဲ သုံးမယ် ပုံလေးတွေကိုပဲကြည့်မယ် အီးမေးလ်လေးတွေကိုပဲ စစ်မယ်ဆိုရင်တော့ သာမန်အင်တာနက်မြန်နှုန်းကို အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ဗီဒီယိုတွေလည်းကြည့်မယ်၊ Online Game တွေလည်းကစားမယ်၊ နောက်ပြီးအလုပ်ပါလုပ်အုံးမယ်ဆိုရင်တော့ ပိုမိုမြန်ဆန်တဲ့ အင်တာနက်မြန်နှုန်းကို လိုအပ်သွားပါပြီ။
နောက်တချက်အနေနဲ့ကတော့ အင်တာနက်က unlimited ဟုတ်မဟုတ်ကြည့်ရပါမယ်။ တချို့အင်တာနက်တွေမှာ Data Cap လို့ခေါ်တဲ့ ဒေတာပမာဏကန့်သတ်ထားတာမျိုးတွေရှိပါတယ်။ ဥပမာအနေနဲ့ ကိုယ့်အင်တာနက်က် 100Gb ပဲ ရှိတယ်ဆိုရင် 100Gb ပြည့်တာနဲ့ အင်တာနက်သည် သုံးမရတော့တာမျိုးပါ။ ဒါကြောင့် အင်တာနက်တပ်ဖို့ ရွေးချယ်တော့မယ်ဆိုရင် data unlimited ဟုတ်မဟုတ်အရင်ကြည့်ပါ။
နောက်တစ်ခုကတော့ အင်တာနက်အမျိုးအစားပဲဖြစ်ပါတယ်။ ကျနော်တို့ အင်တာနက် စတင်ချိတ်ဆက်တော့မယ်ဆိုရင် Cable, DSL, Fiber နှင့် Satelite ဆိုပီးတော့ အမျိုးမျိုးအစားစားရှိပါတယ်။ ဒီထဲမှာမှ Cable နှင့် DSL တို့က လက်ရှိမှာ လူသုံးအများဆုံးဆိုပေမယ့် fiber ကတော့ လိုင်းအမြန်ဆုံး ပဲဖြစ်ပါတယ်။ Satellite အင်တာနက်ကတော့ လိုင်းကောင်းကောင်းမရတဲ့ ကျေးလက်ဒေသတွေအတွက် အထူးသင့်လျော်ပါတယ်။
အရေးကြီးဆုံးအချက်ကတော့ Customer Service ပါ။ Customer Service ကောင်းဖို့ကလည်း အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ အင်တာနက်တစ်ခုမတပ်ဆင်ခင်မှာ ဒီကုမ္ပဏီက Customer Service ကောင်းမကောင်းအရင်စုံစမ်းကြည့်ပါ။
အတိုချုံးပြောရမယ်ဆိုရင်တော့
အိမ်တစ်အိမ်မှာ လူဘယ်နှစ်ယောက်သုံးမှာလဲ။
နောက်ပီး ဘာတွေသုံးမှာလဲဆိုတဲ့အပေါ်မူတည်ပီး ကိုယ်နဲ့သင့်တော်မယ့် အင်တာနက် plan ကိုရွေးချယ်ပါ။
အကန့်အသက်မရှိ မျက်စိစုံမှိတ်ပီးတော့သုံးလို့ရမယ့် Unlimited Plan ဟုတ်မဟုတ်ကြည့်ပါ။
ဈေးကြီးတိုင်းလည်း ကောင်းတာမဟုတ်လို့ ကိုယ့်ပတ်ဝန်းကျင်နဲ့ သင့်တော်မယ့်အင်တာနက်မျိုးကိုရွေးချယ်ပါ။
ဒါကြောင့် လူကြီးမင်းတို့အနေနဲ့တွေ့ကရာ အင်တာနက်တွေကို ရှာပြီးတပ်နေမယ့်အစား ဒီအချက်တွေကို စဉ်းစားပီးမှ ရွေးချယ်တပ်ဆင်ဖို့အကြံပေးချင်ပါတယ်။